AI ခေါ် ညဏ်ရည်တုနည်းပညာ ပြိုင်ပွဲအတွင်းခုန်ဝင်လာတဲ့ Google
AI ခေါ် ညဏ်ရည်တုနည်းပညာ ပြိုင်ပွဲအတွင်းခုန်ဝင်လာတဲ့ Google
ဖေဖော်ဝါရီ ၆ ရက်နေ့မှာ Google ရဲ့ အမှုဆောင်အရာရှိ Sundar Pichai က ယခုတလော လူပြောများနေတဲ့
ChatGPT ကို ယှဉ်ပြိုင်ဖို့အတွက် Bard လို့ ခေါ်တဲ့ AI ကို မိတ်ဆက်သွားပါတယ်။ Google ကလည်း ဒီ့အတွက်
ပြင်ဆင်နေတာကြာပါပြီ။
စိတ်ဝင်စားရင် အပြည့်အစုံ ကြေငြာချက်ကို အောက်ပါလင့်မှာဖတ်ကြည့်လို့ရပါတယ်။
(https://blog.google/tec.../ai/bard-google-ai-search-updates/)
ဒါပေမယ့် Google အတွက်တော့ အဖွင့်မလှဘူးပြောရပါမယ်။ ၃ ရက်အကြာမှာပဲ Google ရဲ့ Bard လို့ခေါ်တဲ့
ညဏ်ရည်တုနည်းပညာ နဲ့ စက်ရုပ် ဟာ အစမ်း demo မှာပဲ အဖြေမှားတွေ ဖြေမိလို့ Google ရဲ့ မိခင် ကုမ္မဏီ Alphabet ရဲ့ ရှယ်ယာ ၇ ရာခိုင်နှုန်းထိုးကျသွားပြီး ခန့်မှန်းခြေအနေနဲ့ ဒေါ်လာ ၁၀၀ ဘီလီယံ နီးပါး တန်ဖိုးထိုးဆင်းသွားပါတယ်။ ရင်းနှီးမြှပ်နှံသူတွေအတွက်တော့ စိတ်ပျက်စရာသတင်းပါပဲ။
Microsoft ကရင်းနှီးမြှပ်နှံထားတဲ့ ChatGPT ဟာ ပြီးခဲ့တဲ့ နှစ်အတွင်း လူအများစိတ်ဝင်စားခြင်းခံရပြီး ၊
အသုံးဝင်တဲ့ software တခုဖြစ်လာတကြောင့် Google အနေနဲ့ အမှီလိုက်ဖို့အတွက် ဖိအားတွေဝင်နေတာပါ။
ChatGPT က ဘာတွေလုပ်ပေးနိုင်လဲဆိုတော့ ဥပမာ အနေနဲ့ဆို သီချင်းတွေ ရေးချင်လား ကူရေးပေးမယ် ၊ ကဗျာ ရေးဖို့တစ်နေလား ၊ သူကပဲ ကူပြီး ကဗျာတွေရေးပေးနိုင်တယ် ၊ ကိုယ်သိချင်တာတွေ ကိုယ်တိုးတက်ရာ တိုးတက်ကြောင်းအတွက်
စာအုပ် စာတမ်းတွေကူရှာပေးနိုင်တယ်။ ကိုယ်သိချင်တဲ့ ဗဟုသုတွေ ကို စက္ကန့်ပိုင်းအတွက် ကိုယ်မေးတာ ဖြေပေးနိုင်တယ်။ အသုံးဝင်တာကတော့အများကြီးပါပဲ။
Google အနေနဲ့တော့ သူ့ရဲ့ AI Bard အောင်မြင်ဖို့အတွက်
သတိကြီးကြီးထားပြီး လှမ်းရတော့မှာပါ။
တဖက်မှာလည်း Microsoft က သူ့ရဲ့ internet browser Bing မှာ ChatGPT နဲ့ ချိတ်ဆက်ပြီး အဆင့်မြှင့်ဖို့ ပြင်ဆင်နေပါပြီ။ Microsoft က Bing နဲ့ ChatGPT နဲ့ ချိတ်ဆက်လိုက်တဲ့သတင်းကတော့ ဒီမှာဖတ်ကြည့်လို့ရပါတယ်။
(https://www.bbc.com/news/business-64562672)
Sources:
1. https://blog.google/tec.../ai/bard-google-ai-search-updates/
2. https://www.bbc.com/news/business-64576225
3.https://www.bbc.com/news/business-64562672


