အင်္ဂလိပ်စာ နှင့် နေ့စဉ် ထိတွေ့ရင်းနှီးမှုရှိခြင်းနည်းလမ်းကောင်းများ

ဒီအပတ် အတွက် အင်္ဂလိပ် စာကို စတင်လေ့လာနေတဲ့ ညီကို ညီအစ်မ များအတွက် အင်္ဂလိပ်စာလေ့လာရာမှာ အသုံးဝင်မယ့် နည်းလမ်း ကောင်းတချို့ကို ကျွန်တော်ဝေမျှပေးလိုက်ပါတယ်။ တချို့အတွက်တော့ သိပြီးသားတွေ ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် နည်းလမ်းကောင်းမရှိသေးတဲ့သူတွေအတွက်တော့ အထူးအသုံးဝင်မယ်လို့ယူဆပါတယ်။


၁။ ပထမ အချက် က ကျွန်တော် တို့ အပြင်သင်တန်းတွေမှာ အင်္ဂလိပ်စာလေ့လာနေတယ်။ ဒါပေမယ့် စနစ်တကျ နဲ့ဦးနှောက်ကို အလေ့အကျင့်ကောင်းတွေနေ့စဉ် လေ့ကျင့်ပေးနိုင်တယ်ဆိုရင်တော့ သင်ယူတဲ့နေရာမှာ မြန်ဆန်မှု ပိုရှိနိုင်ပါတယ်။ အကြားစွမ်းရည် ပြည့်ဝအောင် အင်္ဂလိပ် ဘာသာ စကားဖြင့် လွှင့်တဲ့ ရေဒီယို သို့Podcast တွေဟာ ဖုန်းတလုံး နဲ့အင်တာနက် ရှိရင် ရပါပြီ။ ကြိုက်တဲ့အချိန် နားထောင်လို့လည်း ရပါတယ်။ဥပမာ ဒီ ဘီဘီစီ ဝက်ဆိုဒ်မှာဆို ကိုယ်စိတ်ဝင်စားတဲ့အကြောင်းအရာတွေကိုရွေးချယ်ပြီး နားထောင်လို့ရပါတယ်။ လင့်က ဒီမှာပါ https://www.bbc.co.uk/podcasts ။ စမ်းပြီးနားထောင်ကြည့်ပါ။
၂။ နောက်တခုက အင်တာဗျူး တွေ ၊ ဟောပြောပွဲတွေပါ။ ကိုယ်စိတ်ဝင်စားတဲ့ အကြောင်းအရာတွေကို ပုံမှန်လေ့လာနားထောင်ခြင်းအားဖြင့် အသိပညာသစ်တွေလည်းတိုးသလို အင်္ဂလိပ် ဘာသာ စကားနဲ့လည်းထိတွေ့မှုမပျက်ပဲ အင်္ဂလိပ်စာ စကားလုံးအသစ်တွေနဲ့လည်း ပိုမိုရင်းနှီးတိုးတက်မှုကို ရရှိစေနိုင်ပါတယ်။ အလွယ်ကူဆုံး နည်းလမ်းကတော့ youtube ပေါ်မှာ လေ့လာစရာတွေအများကြီးရှိနေပါတယ်။ ဥပမာ အနေဖြင့်ဆိုရင် https://www.youtube.com/user/TEDtalksDirector မှ အကြောင်းအရာမျိုးစုံ လေ့လာစရာတွေအများကြီးပါ။
၃။ ဒီအချက်ကတော့ ပျင်းစရာ မကောင်းတဲ့အပြင် လွယ်လွယ်ကူကူ လိုက်လေ့လာနိုင်တဲ့နည်းပါပဲ။ အင်္ဂလိပ် ရုပ်ရှင် ၊ တီဗွီ ဇာတ်လမ်းတွဲတွေဟာ နေ့စဉ်သုံး အင်္ဂလိပ်ဘာသာ စကားပြောတွေကို လေ့လာဖို့အကောင်းဆုံးနည်းလမ်းပါပဲ။ ကိုယ်ကြိုက်တဲ့ ရုပ်ရှင်လေးကြည့်ရင် နားမလည်တဲ့စကားလုံးလေးတွေပါလာရင်မှတ်ထားလိုက် ၊ ပြီးမှ ဘယ်လို အဓိပ္ဗာယ် နဲ့ သုံးသွားလဲဆိုတာကလဲ လုပ်ရင်းလုပ်ရင်း နဲ့ကိုယ့်အင်္ဂလိပ်စာ ကို တိုးတက်လာစေပါတယ်။ နောက်ပြီး အင်္ဂလိပ် အသံထွက်အမှန် တွေကို ပိုမိုရင်းနှီးလာစေနိုင်ပါတယ်။ စိတ်ပါရင် ကြိုက်တဲ့ ဒိုင်ယာလော့ လေးတွေမှတ်ထားရတာလည်း အရသာတမျိုးပါပဲ။ ပေါ့ပေါ့ပါးပါး ရယ်ရယ်မောမော နဲ့အင်္ဂလိပ် တီဗွီရှိုး ကို ညွှန်းပါဆိုရင်တော့ Friends လို ဇာတ်ကားမျိုးက အတော်များများ ကြိုက်နှစ်သက်တယ်လို့ဆိုပါတယ်။
အားလုံးပဲ ဒီနည်းလမ်းလေးတွေက အဆင်ပြေမယ်လို့မျှော်လင့်ပါတယ်။ အင်္ဂလိပ်စာလေ့လာတဲ့နေရာမှာ စိတ်ဓာတ်မကျပဲ စိတ်ရှည်ဖို့လိုပါတယ်။ မေးစရာရှိတာတွေရှိရင်လည်း မက်ဆေ့ ပို့ပြီး ဆက်သွယ် အကြံညဏ်တောင်းနိုင်ပါတယ်။ အားလုံးပဲ အဆင်ပြေကြပါစေခင်ဗျာ။ နောက်နေ့မှ အသုံးဝင်မယ့် နည်းလမ်းကောင်းတွေ ဆက်လက်ရေးပါဦးမယ်။

#nyanhtunlinnblog #learningenglish