English ဂန္တဝင်စာပေ Ebooks တွေ အခမဲ့ရယူနိုင်မယ့် Project Gutenberg Website
ဒီ Project Gutenberg website မှာစာအုပ်ပေါင်း ၆ သောင်းကျော် အခမဲ့ ရယူဖတ်ရှုနိုင်ပါတယ်။ အထူးသဖြင့် US ရဲ့ Copyright law အရသက်တမ်းကုန်ပြီးဖြစ်တဲ့ စာပေကောင်းတွေကို ရှာဖွေတွေ့ရှိနိုင်မှာပါ။ ebooks တွေဖြစ်တာကြောင့် Kindle ရှိတဲ့သူက Kindle နဲ့ ဖတ်လို့ရသလို ၊ ဒီအတိုင်းပဲ ဖုန်း နဲ့ ဝက်ဆိုဒ်မှာ ဖတ်လည်းရပါတယ်။ Kindle မရှိလည်း မိမိဖုန်းမှာ Kindle App သွင်းထားရင် အချိန်မရွေးထဖတ်လို့ရတယ်ဗျ။
ဘယ်လို စာအုပ်တွေ ဖတ်လို့ရသလဲဆိုတာတော့ကိုယ်တိုင် လိုချင်တဲ့စာရေးဆရာ နာမည်တွေနဲ့
ရှာကြည့်ဖို့ တိုက်တွန်းပါရစေ။ ဥပမာအနေနဲ့ဆို Top 100 Ebooks တွေကိုရှာလိုက်ရင် ပထမဆုံးမှာ
ရှိတ်စပီးယား ရဲ့ Romeo and Juliet လိုနာမည်ကျော်စာအုပ်ကိုတွေ့ရမှာပါ။ ပြီးတော့ Moby Dick , George Eliot, Jane Austin တို့လို နာမည်ကျော်စာရေးဆရာတွေ ရဲ့ စာအုပ်တွေကို အခမဲ့ ဖတ်ရှုရမှာပါ။
တကယ် စာဖတ်ရတာကြိုက်တယ် ၊ ဂန္တဝင်စာပေတွေကို အဂ်လိပ်စာ တိုးတက်ဖို့အတွက်ပါ ဖတ်ရှုလေ့လာချင်တယ်ဆိုရင် စာအုပ်စာပေကောင်း အတော်များများ ရှိပြီးအကျိုးများတဲ့ website ပါ။
လိပ်စာကတော့ www.gutenberg.org ဖြစ်ပါတယ်။အားလုံးပဲ အဆင်ပြေကြပါစေ


