လူငယ်တွေ အင်္ဂလိပ်စာ တိုးတက်အောင် ဘယ်လိုလုပ်မလဲ - Weekly Tips 1

၂၁ ရာစု မှာ အင်္ဂလိပ်စာ ဟာ ပညာ ရှာဖို့အတွက်အခြေခံကျတဲ့ ဘာသာစကားတခုပါ။ မိမိစိတ်ဝင်စားတဲ့ဘာသာရပ် မှန်သမျှကို အချိန်နဲ့တပြေးညီလေ့လာဖို့က အင်္ဂလိပ် စာ ကျွမ်းကျင်ထားရင် ပိုအဆင်ပြေတာပေါ့။ ဒီဖက်ခေတ်ပိုင်း မြန်မာ လူငယ်တွေလည်း အင်္ဂလိပ်စာ ကို ပိုပြီးတတ်မြောက်လိုလာကြတာကိုတွေ့ရပါတယ်။ ဒါဟာ အင်မတန် ကောင်းတဲ့ အရာပါပဲ။ လုပ်ငန်းခွင်ထဲဝင်ရင်လည်း အင်္ဂလိပ်စာ တတ်ထားရင် ပိုအဆင်ပြေတယ်မလား။ ခေတ်နဲ့ရင်ဘောင်တန်းဖို့ စိတ်အားထက်သန်တဲ့အလျောက် နည်းမှန်လမ်းမှန် နဲ့လေ့လာနိုင်ရင် ကိုယ်လိုချင်တဲ့ပန်းတိုင်ကို မြန်မြန်ရောက်တာာပေါ့ခင်ဗျာ။

ယနေ့ရေးမယ့်အကြောင်းအရာ ကတော့ ဘီဘီစီ က ရေးထားတဲ့ ဘလော့ပ် လေးကိုမှီးပြီး ပြန်ရေးပြချင်တာပါ။ အီတလီ ကနေ ယူကေ မှာ အင်္ဂလိပ်စာလာ သင်တဲ့ အိုမာ ဆိုတဲ့ အမျိုးသား တယောက်က သူ အင်္ဂလိပ်စာ ဘယ်လိုတိုးတက်အောင်လုပ်သလဲဆိုတာကို မျှဝေပေးထားပါတယ်။
အိုမာ ရဲ့ လျှို့ဝှက်ချက်က ဒီလိုပါ။ သူ အင်္ဂလိပ်စာ သင်နေတုန်း သူ့ကိုလူတယောက်က အကြံညဏ်ပေးပါတယ်တဲ့။ ကိုယ်ကြိုက်တဲ့ အင်္ဂလိပ် သီချင်း တွေကိုအလွတ်ကျက်ပြီး သီချင်းတွေထဲက စကားလုံးတွေ ရဲ့ အနက်အဓိပ္ဗာယ် ကို နားလည်အောင်လုပ်တာပါပဲတဲ့။ ဒီနည်းဟာ ပျော်ဖို့တော့ကောင်းပါတယ်။ ဒါနဲ့အိုမာ ဟာ တနေ့ကို သီချင်းတပုဒ် ကျက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ တနေ့တပုဒ် လေ့ကျင့်တာ ၃ လ ဆက်တိုက် လေ့ကျင့်အပြီးမှာတော့ အိုမာ ရဲ့ အင်္ဂလိပ်စာ အပြောစွမ်းရည်ဟာ သိသိသာသာ တိုးတက်လာပါတယ်တဲ့။ ၃ လအပြီးမှာ သူဟာ နာမည်ကျော် The Beatles ရဲ့ သီချင်းတွေကို အေးဆေး ဆိုနိုင်ပါပြီတဲ့ဗျာ။ ကိုဗစ် ကြောင့် အပြင် မထွက်နိုင်တဲ့ အချိန်မှာ ကိုယ်ကြိုက်တဲ့ သီချင်း ကိုရွေးပြီး ၊ Dictionary တအုပ် နဲ့ နေ့တိုင်း အင်္ဂလိပ်စာ တိုးတက်အောင် လုပ်နိုင်ပြီး ပိုက်ဆံ လည်း မကုန်ပါဘူး။
ကျွန်တော် ထပ်ဖြည့်ပြောချင်တာက အင်္ဂလိပ်စာ သင်တဲ့အချိန်မှာ ရှက်နေလို့ မရပါဘူး။ နောက်ပြီး ဘာသာ စကားတခုကို သင်တဲ့နေရာမှာ စိတ်ရှည်ဖို့လိုပါတယ်။ နောက်ပြီး အဆက်မပြတ် လေ့ကျင့်ပေးနေဖို့လိုပါတယ်။ ဒါကြောင့် ဒီနည်းလေးကို စိတ်ဝင်စားတယ်ဆို ကိုယ်တိုင် ရက်သတ်မှတ်ထားပြီး စမ်းကြည့်ပေါ့ခင်ဗျာ။ ကျွန်တော်ကိုယ်တိုင်လည်း ကိုယ်ကြိုက်တဲ့ အင်္ဂလိပ် သီချင်းတွေဆိုရင် အလွတ်ကျက်ပြီး ဆိုခဲ့တာ ၁၄ - ၁၅ နှစ်အရွယ်ထဲကပါ။ အကုန်နားလည်သလားဆိုတော့ အပြည့်အစုံ နားမလည်ပေးမယ့် ဒီလိုပဲ တဖြည်းဖြည်း တိုးတက်အောင်လုပ်ယူရတာပါပဲ။ အားလုံးပဲ အင်္ဂလိပ်စာလေ့လာတာ အဆင်ပြေကြပါစေ။ နောက်နေ့တွေလည်း အလျင်းသင့်သလို အင်္ဂလိပ်စာ သင်တဲ့အခါမှာ အသုံးဝင်မယ့် Tips လေးတွေရေးသွားပါဦးမယ်။
ဒါကြောင့် Page ကို Like & Follow လုပ်ထားပေးပါ။ ကျေးဇူးတင်ပါတယ်။